ဒေါ်အောင်ဆန်းစုကြည်နှင့်ပြင်သစ်နိုင်ငံရောက်မြန်မာမိသားစုများတွေ
့ဆုံပွဲ
ဖိတ်ကြားစာ
ဒေါ်အောင်ဆန်းစုကြည်နှင့်ပြင်သစ်နိုင်ငံရောက်မြန်မာမိသားစုများတွေ
့ဆုံပွဲကို ပါရီမြို့ တော်ခန်းမအတွင်းရှိ le
salon des Arcades ခန်းမတွင်၂၇ ရက် ဇွန်လ ၂၀၁၂ ခု နံနက် ၉ နာရီ ၃၀ မိနစ်မှ ၁၁ နာရီထိကျင်းပ
မည်ဖြစ်ပါသည်၊ ထိုပွဲအပြီးတွင်ဒေါ်အောင်ဆန်းစုကြည်အားနေ့ လည် ၁၂ နာရီ ၃၀ မှ ၁၄ နာရီထိ ပါရီမြို့  တော်ဝန်မှဂုဏ်ထူးဆောင်ပါရီမြို့ သူဆုကိုဂုဏ်ပြုပေးအပ်မည်ဖြစ်ပါသည်၊သို့ ပါ၍ထိုပွဲသို့ တက်ရောက်ရန်စာရင်းပေးသွင်းထားသူများမှာပါရီမြို့ တော်ခန်းမ၏နောက်သို့ (entrée par le
3, rue Lobau) နံနက် ၈ နာရီ ၃၀ မိနစ်ကိုရောက်ရှိရမည်ဖြစ်ပြီး၊မိမိကိုင်ဆောင်ထားသောမှတ်ပုံတင်(သို့ )နိုင်ငံကူးလက်မှတ်(သို့ )ယာ ယီနေ ထိုင်ခွင့်ကဒ်ပြားများကိုမိမိနှင့်တပါတည်းယူဆောင်လာရမည်ဖြစ်ပါသည်၊
(မှတ်ချက်။ ။စာရင်းပေးသွင်းထားခြင်းမရှိသောသူများ၊နံနက်
၉ နာရီ ထက်နောက်ကျ ၍ရောက်ရှိလာသူများ ကိုတာဝန်ယူမည်မဟုတ်ပါ။
မြန်မာဝတ်စုံ၊တိုင်းရင်း သားဝတ်စုံများနှင့် တ က်ရောက်နိုင်ပါသည်။)
နေ့ ရက်။ ။ ၂၇ ရက် ဇွန်လ ၂၀၁၂ ခု
အချိန်။ ။ နံနက် ၉ နာရီ ၃၀ မိနစ်မှ ၁၁ နာရီထိ ( နံနက် ၈ နာရီ
၃၀ မိနစ်ကိုအရောက်လာရမည် )
နေရာ။ ။ ပါရီမြို့ တော်ဝင်ရုံး
le salon des Arcades ခန်းမ၊ (entrée par le 3, rue Lobau)
Métro : : Hôtel De Ville
(နံနက် ၈ နာရီ ၃၀ မိနစ်တွင်စာရင်းပေးထားသူများအားဖိတ်စာဝေငှပေးပြီးသည်နှင့်အတွင်းသို
့ဝင် ရပါမည်။)
အခန်းအနားအစီအစဉ်
(၁) ဒေါ်အောင်ဆန်းစုကြည်အားပန်းစည်းပေးအပ်ရန်အတွက်ခလေး(၇)ဦးမှနေရာယူပေးပါရန်
(၂) ၉ နာရီ ၃၀ မိနစ်ဒေါ်အောင်ဆန်းစုကြည်နှင့်M.
Schapira (Adjoint au Maire) အခန်းတွင်းဝင်
ရောက်လာ သောအခါဂါရ၀ပြုသည့်အနေဖြင့်အားလုံး မတ်တပ်ရပ်လက်ခုပ်သြဘာပေးရန်
(၃) ၉ နာရီ ၃၅
မိနစ် M. Schapira ( Adjoint au Maire) မှမိန့် ခွန်းပြောကြားပေးရန်(ပြင်သစ်+အင်္ဂ လိပ်)Prise de
Parole de M. Schapira ( Adjoint au Maire )
(၄) ၉ နာရီ ၄၅ မိနစ် ဒေါ်အောင်ဆန်းစုကြည်မှနေရာယူပေးပါရန်
(၅) ၉ နာရီ ၅၀ မိနစ် ဒေါ်အောင်ဆန်းစုကြည်မှမိန့် ခွန်းပြောကြားပေးပါရန်(၂၀ မိနစ်)
(၆) ၁၀ နာရီ ၁၀ မိနစ် တက်ရောက်လာသောသူများနှင့်ဒေါ်အောင်ဆန်းစုကြည် တို့ မေးခွန်းမေးခြင်းနှင့် ပြန်လည်ဖြေကြားခြင်း(၂၀မိနစ်)
(၇) ၁၀ နာရီ ၃၀
မိနစ် ဒေါ်အောင်ဆန်းစုကြည်နှင့်ကြိုဆိုရေးတွင်ပါဝင်သောသူများနှင့်မိတ်ဆက်ပေး ရန်(၅ မိနစ်)
(၈) ၁၀ နာရီ ၃၅ မိနစ် ပြင်သစ်နိုင်ငံရောက်မြန်မာလူမျိုးများအဖွဲ့ မှကျေးဇူးတင်စကားပြောကြားပေး ပါရန်(၂ မိနစ်)
(၉) ၁၀ နာရီ ၄၀
မိနစ်တက်ရောက်လာသောမြန်မာမိသားစုများနှင့်ဒေါ်အောင်ဆန်းစုကြည်တို့ ရင်းနှီးစွာ မိတ်ဆက်ခြင်း(၂၀ မိနစ်)
(၁၀) နံနက် ၁၁ နာရီ တွင်တက်ရောက်လာသူအားလုံးပြင်ပသို့ ထွက်ပေးကြပါရန်မေတ္တာရပ်ခံပါသည်။
အစီအစဉ်ဒုတိယပိုင်း
မွန်းတည့် ၁၂ နာရီ တွင်ဒေါ်အောင်ဆန်းစုကြည်အားပါရီမြို့  တော်ဝန်မှဂုဏ်ထူး ဆောင်ပါရီမြို့  သူဆုကိုဂုဏ်ပြု ပေးအပ်မည့်ခန်းမသို့ ဖိတ်စာနှင့်တကွပြန်လည်ဝင်ရောက်ရန်။
ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံမည့်အခမ်းအနားအတွက်သိသင့်သည့်အချက်လက်များ
၁။ အ၀တ်အစားများကိုသေသပ်စွာဝတ်ဆင်လာရမည်။
၂။ ခရီးဆောင်အိတ်များ၊ကျောပိုးအိတ်ကြီးများယူဆောင်ခွင့်မပြုပါ။
၃။ အခမ်းနားကျင်းပစဉ်အတွင်းမူးရစ်ဆေးဝါးနှင့်အရက်သေစာသောက်စားခြင်း၊ခိုက်ရန်ဖြစ်ပွားခြင်းမပြုရ။
၎။ ဒေါ်အောင်ဆန်းစုကြည်နှင့်မေးခွန်းမေးမြန်းခြင်းအစီအစဉ်တွင်ကြိုတင်မေးခွန်းပေးပို့ထားသောသူများမှ
အပ ကြားဖြတ်မေးခွန်းများခွင့်မပြုပါ။
၅။ ဒေါ်အောင်ဆန်းစုကြည်အားချစ်ခင်ရင်းနှီးစွာတွေ့ဆုံခွင့်ရသည်နှင့်အညီဒေါ်အောင်ဆန်းစုကြည်နှင့်တက်
ရောက်လာကြသောမြန်မာမိသားစုများအားစိတ်အနှေင့်အယှက်ဖြစ်စေမည့်အပျက်သဘောဆောင်သော
အပြုအမူ၊အပြောအဆိုများမပြုလုပ်ကြပါရန်။
၆။ အစီအစဉ်များကိုကြိုဆိုရေးအဖွဲ့မှတာဝန်ခံဆောင်ရွက်သွားမည်ဖြစ်သဖြင့်ပြင်သစ်နိုင်ငံရောက်
မြန်မာမိ
သားစုများမှစည်းကမ်းရှိစွာစနစ်တကျပူးပေါင်းပါဝင်ပေးကြပါရန်အသိပေးအပ်ပါသည်။
လေးစားစွာဖြင့်
ပြင်သစ်နိုင်ငံရောက်မြန်မာလူမျိုးများအဖွဲ့ 
ကိုထင်ကျော် ( ၀၆၃၁၁၁၂၈၆၂ )
ကိုထွေး ( ၀၆၀၈၃၄၀၈၉၁ )
ကိုသုတ ( ၀၆၀၂၂၀၄၈၂၁ )
Aucun commentaire:
Enregistrer un commentaire